ကမ္ဘာ​ဦး 5:15-21 Judson Bible (BJB)

15. မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။

16. ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

17. မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊

18. ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ်ရှိသော် သားဧနောက်ကိုမြင်လေ၏။

19. ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။

20. ယာရက်သည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။

21. ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော် သားမသုရှလကို မြင်လေ၏။

ကမ္ဘာ​ဦး 5