ကမ္ဘာ​ဦး 49:28-30 Judson Bible (BJB)

28. ဤသူတို့ကား၊ ဣသရေလအမျိုးဆယ်နှစ်မျိုးဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့အသီးသီးခံရသောမင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီး ပေးသောစကားပေတည်း။

29. တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏လယ်ပြင်တွင်ရှိသောမြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြပါ။

30. ခါနာန်ပြည်မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချၖိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။

ကမ္ဘာ​ဦး 49