9. ယောသပ်က၊ ဤပြည်၌ အကျွန်ုပ်အား ဘုရားသခင်ပေးသနားတော်မူသော အကျွန်ုပ်၏သားဖြစ်ပါသည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့လာပါစေလော့။ သူတို့ကိုငါကောင်းကြီးပေးမည်ဟုဆို၏။
10. ဣသရေလသည် အသက်ကြီး၍မျက်စိမှုန်သဖြင့်၊ မမြင်နိုင်သောကြောင့်၊ သားတို့ကိုအနီးသို့ချဉ်းကပ်စေ၍ ပိုက်ဘက်နမ်းရှုပ်လေ၏။
11. ဣသရေလကလည်း၊ ငါသည်သင်၏မျက်နှာကို မြင်ရမည်ဟုငါမထင်။ ယခုတွင်သင်၏သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အားဆို၏။
12. ယောသပ်သည်လည်း၊ သားတို့ကိုအဘ၏ဒူးကြားမှထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
13. တဖန်ယောသပ်သည်သားတို့ကိုယူ၍ ဧဖရိမ်ကို လက်ျာလက်နှင့်ကိုင်လျက်၊ ဣသရေလလက်ဝဲလက်သို့၎င်း၊ မနာရှေကို လက်ဝဲလက်နှင့်ကိုင်လျက်၊ ဣသရေလ လက်ျာလက်သို့၎င်းချဉ်းကပ်စေ၏။