ကမ္ဘာ​ဦး 46:15-24 Judson Bible (BJB)

15. ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့်တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။

16. ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။

17. အာရှာသား။ ယိမန။ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။

18. ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသောသားတည်း။ ပေါင်းတဆယ်ခြောက်။

19. ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။

20. အဲဂုတ္တုပြည်၌ ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့် ဧဖရိမ်။

21. ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။

22. ဤသူတို့ကား၊ ယာကုပ်မယားရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။

23. ဒန်သား။ ဟုရှိမ်။

24. နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။

ကမ္ဘာ​ဦး 46