1. ယောသပ်သည်လည်း ဝန်စာရေးကိုခေါ်၍ ထိုသူတို့အိတ်များ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင်၎င်း၊
2. စပါးအဘိုးငွေနှင့်ငါငွေဖလားကို၊ အငယ်ဆုံးသောသူ၏အိတ်ဝတွင်၎င်း ထည့်ထားလော့ဟု မှာသည်အတိုင်း ဝန်စာရေးပြုလေ၏။
3. နံနက်မိုဃ်းလင်းသောအခါ၊ ထိုသူတို့ကိုမြည်းများနှင့်တကွ လွှတ်လိုက်လေ၏။