ကမ္ဘာ​ဦး 36:4-8 Judson Bible (BJB)

4. ဧသောမယား အာဒဘွားသောသားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသောသားရွေလတည်း။

5. အဟောလိဗာမဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။ ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။

6. ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကို၎င်း၊ သိုးနွားစသည်တို့နှင့် တိရစ္ဆာန်ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်းယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွားလေ၏။

7. အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာများလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။

8. သို့ဖြစ်၍ ဧဒုံအမည်ရှိသောဧသောသည် စိရတောင်ပေါ်မှာနေလေ၏။

ကမ္ဘာ​ဦး 36