ကမ္ဘာ​ဦး 32:29-32 Judson Bible (BJB)

29. ယာကုပ်ကလည်း၊ နာမတော်ကားအဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ငါ့နာမကို အဘယ်ကြောင့်မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ကောင်းကြီးပေးတော်မူ၏။

30. ထိုအရပ်ကိုပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက် ချမ်းသာပြီဟု ဆိုသတည်း။

31. ဧမာနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။

32. ထိုသို့ယာကုပ်၏ပေါင်ချန်အကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသောအကြောကြီးကို ယနေ့တိုင်အောင် မစားရှောင်လေ့ရှိကြ၏။

ကမ္ဘာ​ဦး 32