ကမ္ဘာ​ဦး 28:5-10 Judson Bible (BJB)

5. ထိုသို့ယာကုပ်နှင့် ဧသော၏ အမိ၊ ရေက္ကေ၏မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။

6. ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီးပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို၎င်း၊

7. ယာကုပ်သည်မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့သွားကြောင်းကို၎င်း၊

8. ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက်မနှစ်သက်ကြောင်းကို၎င်း၊ ဧသောသိမြင်လျှင်၊

9. ဣရှမေလထံသို့သွား၍ အထက်မယားတို့မှတပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တဖန်အိမ်ထောင်ဘက်ပြုပြန်လေ၏။

10. ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊

ကမ္ဘာ​ဦး 28