ကမ္ဘာ​ဦး 26:8-10 Judson Bible (BJB)

8. ထိုမြို့၌ကာလအင်တန်ကြာနေပြီးမှ၊ တနေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့်ကစားသည်။ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင်၊

9. ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင်စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည်ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရသနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကိုစိုးရိမ်ပါသည်ဟု လျှောက်ဆို၏။

10. အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း။ တစုံတယောက်သောသူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကားဟု ဆိုပြီးမှ၊

ကမ္ဘာ​ဦး 26