ကမ္ဘာ​ဦး 24:44-48 Judson Bible (BJB)

44. သောက်ပါ။ သင်၏ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ်တော်ကျွန်၏သားဘို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါစေသောဟုလျှောက်ဆို၏။

45. ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရစေဟု သူ့ကိုတောင်းလေသော်၊

46. သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကိုချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုပ်တို့ကိုလည်း၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက်ရ၏။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏။

47. ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ်သားဗေသွေလ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ် သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ်သည်လည်း၊ သူ၏ မျက်နှာ၌ နှာဆွဲကို၎င်း၊ သူ၏လက်၌ လက်ကောက်တို့ကို၎င်းထည့်ပြီးလျှင်၊

48. ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏မြေးကို သခင်၏သားဘို့ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသော ကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေး၍ ကိုးကွယ်လေ၏။

ကမ္ဘာ​ဦး 24