29. ရေဗက္က၌ လာဗန်အမည်ရှိသော မောင်တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်းသို့ပြေး၏။
30. သူသည်နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက်ကို၎င်းမြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသောစကားကို ကြားသောအခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသောယောက်ျားထံသို့ ရောက်သောအခါ၊
31. ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေသနည်း။ အိမ်ကို၎င်း၊ ကုလားအုပ်များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
32. ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကိုချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့် စားစရာကိုပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ရေကိုလည်းပေးလေ၏။
33. သူ့ရှေ့မှာစားစရာကိုထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
34. ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ကျွန်ဖြစ်ပါ၏။