ကမ္ဘာ​ဦး 22:14-17 Judson Bible (BJB)

14. ထိုအရပ်ကို ယေဟောဝါယိေရဟု အာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ရှိသတည်း။

15. တဖန် ထာဝရဘုရား၏ကောင်းကင်းတမန်သည် ကောင်းကင်ပေါ်က အာဗြဟံကိုခေါ်လျက်၊

16. သင်သည် ဤအမှုကိုပြု၍၊ သင်၏သား သင်၌တယောက်တည်းသောသားကို၊ ငါ့အားမငြင်းသောကြောင့်၊

17. ငါသည် သင့်အားအစဉ်အမြဲကောင်းကြီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးများကို အစိုးရလိမ့်မည်။

ကမ္ဘာ​ဦး 22