ကမ္ဘာ​ဦး 20:2-5 Judson Bible (BJB)

2. ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည်ဟု၊ သူတပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာမင်းကြီးအဘိမလက်သည် မိမိလူကိုစေလွှတ်၍၊ စာရာကိုယူစေ၏။

3. ညဉ့်အချိန်တွင်အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေဖြစ်၏။ အကြောင်းမူကား၊ သင်ယူသောမိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။

4. အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သောလူမျိုးကို ကွပ်မျက်တော်မူမည်လော။

5. သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အားယောက်ျားဆိုသည် မဟုတ်ပါလော။ အကျွန်ုပ်အားသူသည်ငါ့မောင့်ဖြစ်၏ဟု မိန်းမလည်းဆိုသည် မဟုတ်ပါလော။ ဖြောင့်မတ်သောသဘောရှိ၍ သန့်ရှင်းသောလက်နှင့် ဤအမှုကိုအကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။

ကမ္ဘာ​ဦး 20