28. သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တရှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌အခိုးကဲ့သို့၊ တပြည်လုံးအခိုးတက်သည်ကို မြင်လေ၏။
29. ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာရှိသောမြို့တို့ကို ဖျက်ဆီးသောအခါ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသောမြို့တို့ကို မှောက်လှဲသောအခါ မှောက်လှဲရာထဲကလောတကို လွှတ်လိုက်တော်မူ၏။
30. လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင်၌နေ၏။
31. သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသားအပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာမရှိ။
32. လာကြ။ ငါတို့အဘကို စပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏အမျိုးအနွယ်ကို စောင့်မ၍ သူနှင့်အိပ်ကြစို့ဟု ညီမကိုပြောဆို၏။
33. ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ သမီးအကြီးသည် ဝင်၍ အဘနှင့်အိပ်လေ၏။ သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘမသိ။