11. အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကိုမြင်လေ၏။
12. အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကိုမြင်လေ၏။
13. ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
14. ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကိုမြင်လေ၏။
15. ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။