ကမ္ဘာ​ဦး 1:19-25 Judson Bible (BJB)

19. ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။

20. တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။

21. ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက်များပြားစွာ မွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတတ်သောငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။

22. ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊

23. ညဦးနှင့်နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ၏။

24. တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သောတိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

25. ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။

ကမ္ဘာ​ဦး 1