3. ဤဆီကိုသူ၏ဦးခေါင်းပေါ်တွင်လောင်း၍ ထာဝရဘုရားက`ငါသည်သင့်အားဣသရေ လဘုရင်အဖြစ်ဘိသိက်ပေး၏' ဟုမိန့်တော် မူကြောင်းဆင့်ဆိုလော့'' ဟုမှာကြားလိုက်၏။
4. သို့ဖြစ်၍ပရောဖက်ငယ်သည်ရာမုတ်မြို့ သို့သွားရာ၊-
5. ထိုအရပ်တွင်တပ်မှူးများတိုင်ပင်နေကြသည် ကိုတွေ့လျှင်``တပ်မှူးမင်း၊ အကျွန်ုပ်သည်အရှင့် အတွက်သတင်းယူဆောင်လာပါသည်'' ဟု ဆို၏။ယေဟုက``ငါတို့အနက်မည်သူ့အတွက်နည်း'' ဟုမေး၏။ထိုအခါပရောဖက်ငယ်က``အရှင့်အတွက် ဖြစ်ပါသည်'' ဟုဆို၏။-
6. ထိုနောက်သူတို့နှစ်ယောက်သည်အိမ်ထဲသို့ဝင် သွားပြီးလျှင် လူငယ်ပရောဖက်သည်ယေဟု ၏ဦးခေါင်းပေါ်သို့သံလွင်ဆီကိုသွန်းလောင်း ကာ``ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်အား ဣသရေလဘုရင်အဖြစ်ဘိသိက်ပေး၏။-
7. ငါ၏ပရောဖက်များနှင့်အခြားအစေခံ များကိုသတ်သည့်အပြစ်အတွက် ယေဇဗေလ အားငါဒဏ်ခတ်နိုင်ရန်သင်သည် အာဟပ်၏ သား၊ သင့်အရှင်ဘုရင်မင်းအားလုပ်ကြံရမည်။-
8. အာဟပ်၏မိသားစုနှင့်သူ၏မြေးအပေါင်း တို့သည်သေရကြမည်။ သူ၏မိသားစုမှ ယောကျာ်းမှန်သမျှကိုကြီးငယ်မရွေးငါ ပယ်ရှားမည်။-
9. ဣသရေလဘုရင်ယေရောဗောင်နှင့်ဗာရှာတို့ ၏အိမ်ထောင်စုတို့ကို ငါစီရင်ခဲ့သည့်နည်းတူ အာဟပ်၏အိမ်ထောင်စုကိုလည်းငါစီရင်မည်။-
25-26. ထိုအခါယေဟုသည်မိမိ၏ရထားမှူး ဗိဒကအား``သူ၏အလောင်းကိုယူ၍နာဗုတ် မြေကွက်ထဲသို့ပစ်ချလော့။ ယောရံမင်း၏ဖခင် အာဟပ်နောက်မှ သင်နှင့်ငါမြင်းစီး၍လိုက် လာစဉ်အခါ၌ ထာဝရဘုရားကအာဟပ် အား`ယမန်နေ့ကနာဗုတ်နှင့်သားများအား သတ်သည့်အမှုကိုငါတွေ့မြင်ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားထိုမြေကွက်ထဲ၌ပင် အပြစ် ဒဏ်စီရင်မည်' ဟုမိန့်တော်မူသည်ကိုသတိ ရလျက် ထာဝရဘုရားမိန့်ကြားတော်မူခဲ့ သည့်အတိုင်း ယောရံ၏အလောင်းကိုနာ ဗုတ်၏မြေကွက်ထဲသို့ပစ်ချလော့'' ဟုဆို ၏။
27. အာခဇိမင်းသည်ထိုအဖြစ်အပျက်ကို မြင်သဖြင့် မိမိ၏စစ်ရထားဖြင့်ဗေသာဂနံ မြို့ဘက်သို့ထွက်ပြေးလေ၏။ ယေဟုသည် သူ၏နောက်မှလိုက်၍``သူ့ကိုလည်းသတ်ကြ လော့'' ဟုမိမိ၏တပ်သားများအားအမိန့် ပေး၏။ အာခဇိမင်းသည်ဣဗလံမြို့အနီး ရှိဂုရမြို့သို့သွားရာလမ်းတွင်ဒဏ်ရာရ လေသည်။ သို့ရာတွင်သူသည် မေဂိဒ္ဒေါမြို့သို့ ရောက်သည့်တိုင်အောင်ဆက်လက်သွားပြီး မှသေလေ၏။-
28. သူ၏အမှုထမ်းတို့သည်သူ၏အလောင်းကို စစ်ရထားပေါ်တင်၍ ယေရုရှလင်မြို့သို့ယူ ဆောင်ပြီးလျှင်ဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။
29. အာခဇိသည်အာဟပ်၏သားတော်ဣသ ရေလဘုရင်ယောရံ၏နန်းစံတစ်ဆယ့်တစ် နှစ်မြောက်၌ ယုဒပြည်ဘုရင်အဖြစ်နန်း တက်ခဲ့သတည်း။
30. ယေဟုသည်ယေဇရေလမြို့သို့ရောက်ရှိလာ ၏။ ယေဇဗေလသည်ဖြစ်ပျက်သည့်အကြောင်း အရာကိုကြားသိပြီးဖြစ်သဖြင့် မိမိ၏မျက် ခမ်းတို့ကိုဆေးဆိုး၍ဆံပင်ကိုအလှပြင် ကာ နန်းတော်ပြူတင်းမှလမ်းသို့မျှော်ကြည့် လျက်နေ၏။-
31. ယေဟုသည်နန်းတော်ဝင်တံခါးဝကိုဝင်၍ လာသောအခါ ယေဇဗေလသည်ယေဟု အား``ကိုယ့်သခင်ကိုသတ်သောအချင်း ဇိမရိ သင်သည်အဘယ်ကြောင့် ဤအရပ်သို့လာ သနည်း'' ဟုဟစ်အော်၍ပြော၏။
32. ယေဟုသည်မော်၍ကြည့်ပြီးလျှင်``ငါ၏ဘက် သို့အဘယ်သူပါမည်နည်း'' ဟုမေး၏။ ထိုအခါ သူ့အားမိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် နန်းတော်ပြူတင်းမှငုံ့၍ကြည့်ကြ၏။-
33. ယေဟုကသူတို့အား``သူ့ကိုတွန်းချလော့'' ဟုဆိုသည့်အတိုင်း သူတို့သည်ယေဇဗေလ ကိုတွန်းချကြသဖြင့် သွေးစက်သည်နန်း တော်နံရံနှင့်မြင်းများအပေါ်သို့စဉ်၍ကျ လေသည်။ ယေဟုသည်ယေဇဗေလ၏အလောင်း ပေါ်ဖြတ်၍ မိမိ၏စစ်ရထားကိုမောင်းနှင် ပြီးလျှင်၊-
34. နန်းတော်သို့ဝင်၍အစားအစာစား၏။ ထို နောက်သူက``အမင်္ဂလာခံရသောထိုမိန်းမ ကိုသင်္ဂြိုဟ်ကြလော့။ မည်သို့ပင်ဆိုစေကာမူ သူသည်မင်းသမီးဖြစ်သည်'' ဟုဆို၏။-
35. သို့ရာတွင်သူ့အားသင်္ဂြိုဟ်ရန်သွားကြသော သူတို့သည် သူ၏ဦးခွံ၊ လက်ရိုး၊ ခြေရိုးမျှကို သာတွေ့ရှိရကြသဖြင့်၊-
36. ယေဟုအားအစီရင်ခံကြ၏။ ထိုအခါ ယေဟုက``ယေဇဗေလသည်ယေဇရေလ အရပ်တွင်ခွေးစာဖြစ်လိမ့်မည်။-
37. သူ၏အလောင်းကိုခွဲခြား၍မသိနိုင်အောင် ထိုအရပ်တွင်နောက်ချေးကဲ့သို့ကြဲလျက်နေ လိမ့်မည်ဟု ပရောဖက်ဧလိယအားဖြင့် ထာဝရ ဘုရားမိန့်တော်မူချက်နှင့်အညီဖြစ်သည်'' ဟုဆို၏။