15. သို့ရာတွင်နောက်တစ်နေ့၌ဟာဇေလသည် စောင်တစ်ထည်ကိုရေဆွတ်ပြီးလျှင်မင်းကြီး ၏မျက်နှာကိုဖုံးအုပ်၍သတ်လေ၏။ထိုနောက်ဟာဇေလသည်ဗင်္ဟာဒဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေ၏။
16-17. ဣသရေလဘုရင်အာဟပ်၏သားတော်ယောရံ ၏နန်းစံငါးနှစ်မြောက်၌ ယောရှဖတ်၏သားတော် ယဟောရံသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၏။ သူ သည်ယေရုရှလင်မြို့တွင်ရှစ်နှစ်မျှနန်းစံရ၏။-
18. သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။-
19. သို့သော်လည်းထာဝရဘုရားသည် ဒါဝိဒ်အား``သင် ၏သားမြေးတို့ကိုထာဝစဉ်အုပ်စိုးစေမည်'' ဟု ပြုခဲ့သည့်ကတိတော်ကိုထောက်၍ ယုဒပြည် ကိုဖျက်ဆီးရန်အလိုတော်မရှိချေ။
20. ယဟောရံနန်းစံနေချိန်၌ဧဒုံပြည်သည် ယုဒ ပြည်ကိုပုန်ကန်၍လွတ်လပ်သောနိုင်ငံဖြစ်လာ လေသည်။-