8. ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊-
9. ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
10. သူ၏တပ်သားတို့သည်မြို့ရိုးကိုဖြိုချကြ၏။-
11. ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-