၄ ရာ 23:15-18 Common Language Bible (BCL)

15. သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ် ကူး​လွန်​ရန် ရှေ့​ဆောင်​လမ်း​ပြ​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​မင်း​တည်​ဆောက်​ခဲ့​သည့်​ဗေ​သ​လ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​ကို​လည်း​ဖြို​ဖျက်​လေ သည်။ ယော​ရှိ​သည်​ယဇ်​ပလ္လင်​ကို​ဖြို​ချ​ပြီး​လျှင် အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား​သော တံ​ခွန်​တိုင်​ကို​မီး​ရှို့​၏။-

16. ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-

17. ဤ​သင်္ချိုင်း​ကား​မည်​သူ​၏​သ​င်္ချိုင်း​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။ဗေ​သ​လ​မြို့​သား​တို့​က``ဤ​သင်္ချိုင်း​သည် ယု​ဒ ပြည်​မှ​လာ​သော​ပ​ရော​ဖက်​၏​သင်္ချိုင်း​ဖြစ်​ပါ သည်။ ထို​ပ​ရော​ဖက်​ကား​ဤ​အ​ရပ်​ရှိ​ယဇ်​ပလ္လင် တွင် အ​ရှင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို ကြို​တင်​ဟော​ကြား​ခဲ့​သူ​ဖြစ်​ပါ​၏'' ဟု​ပြန်​၍ လျှောက်​ထား​ကြ​၏။

18. ယော​ရှိ​က``ထို​သင်္ချိုင်း​ကို​ရှိ​မြဲ​ရှိ​စေ​လော့။ သူ​၏​အ​ရိုး​တို့​ကို​မ​ရွှေ့​မ​ပြောင်း​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။သို့​ဖြစ်​၍​သူ​၏​အ​ရိုး​တို့​ကို​လည်း​ကောင်း၊ ရှမာ​ရိ မြို့​မှ​လာ​သော​ပ​ရော​ဖက်​၏​အ​ရိုး​တို့​ကို​လည်း ကောင်း​မ​ရွှေ့​မ​ပြောင်း​ဘဲ​ထား​ကြ​၏။

၄ ရာ 23