1. ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
2. ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ဆင်းရဲ ချမ်းသာမရွေးယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်အတူ ဗိမာန်တော်သို့ကြွ တော်မူ၏။ မင်းကြီးသည်ထိုသူအပေါင်းတို့ အား ဗိမာန်တော်ထဲတွင်တွေ့ရှိရသောပဋိ ညာဉ်ကျမ်းစောင်ကို အစအဆုံးအသံကျယ် စွာဖတ်ပြတော်မူ၏။-
3. သူသည်ဘုရင့်ကျောက်တိုင်အနီးတွင်ရပ် လျက်``အကျွန်ုပ်သည်ကိုယ်တော်၏စကားတော် ကိုနားထောင်ပါမည်။ ကိုယ်တော်၏တရားတော် နှင့်ပညတ်တော်တို့ကို ကိုယ်စွမ်းစိတ်စွမ်းရှိ သမျှနှင့်စောင့်ထိန်းပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။