10. ထာဝရဘုရားသည် မိမိ၏အစေခံ များနှင့်ပရောဖက်များမှတစ်ဆင့်၊-
11. ``မနာရှေသည်ဤစက်ဆုတ်ဖွယ်ကောင်းသော အမှုတို့ကိုပြုလေပြီ။ ခါနာန်အမျိုးသား တို့ပြုသောအမှုများထက်ပင် လွန်စွာပိုမို ဆိုးရွားသည့်အမှုတို့ကိုပြုလေပြီ။ သူသည် မိမိ၏ရုပ်တုများအားဖြင့် ယုဒပြည်သူ တို့အားအပြစ်ကူးလွန်စေရန်ရှေ့ဆောင် လမ်းပြ၏။-
12. သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သတင်း ကြားသူတိုင်းအံ့သြလောက်အောင် ယေရုရှလင် မြို့နှင့်ယုဒပြည်အားဘေးသင့်စေမည်။-
13. ရှမာရိမြို့နှင့် ဣသရေလဘုရင်အာဟပ်နှင့် သားမြေးတို့ကိုဒဏ်ခတ်သကဲ့သို့ ယေရုရှလင် မြို့ကိုငါဒဏ်ခတ်မည်။ စင်အောင်သုတ်၍မှောက် ထားသည့်ပန်းကန်သဖွယ် ယေရုရှလင်မြို့တွင် လူတစ်ဦးတစ်ယောက်မျှမကျန်အောင်သုတ် သင်ရှင်းလင်းမည်။-
14. မသေဘဲကျန်ရစ်သူတို့ကို ငါသည်စွန့်၍ရန်သူ များ၏လက်သို့အပ်မည်။ ရန်သူတို့သည်သူတို့ ကိုနှိမ်နင်း၍ သူတို့၏ဥစ္စာပစ္စည်းများကိုလု ယူကြလိမ့်မည်။-
15. ငါ၏လူမျိုးတော်သည်သူတို့၏ဘိုးဘေး များအီဂျစ်ပြည်ကထွက်ခွာလာချိန်မှအစ ပြု၍ ယနေ့တိုင်အောင်ငါ့အားပြစ်မှားလျက် ငါ၏အမျက်တော်ကိုလှုံ့ဆော်နေကြသဖြင့် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။