၄ ရာ 20:6-11 Common Language Bible (BCL)

6. ငါ​သည်​သင့်​အား​နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ် အ​သက်​ရှင်​စေ​မည်။ ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​လက် မှ​ကယ်​ဆယ်​မည်။ ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ငါ​ပေး​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ငါ​သည်​ဤ​မြို့ ကို​ကာ​ကွယ်​မည်' ဟု​ဆင့်​ဆို​လော့'' ဟု​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။

7. ဟေ​ရှာ​ယ​သည်​မင်း​ကြီး​၏​အ​စေ​ခံ​တို့ အား``အ​ရှင်​၏​အ​နာ​စိမ်း​ကို​သ​င်္ဘော​သ​ဖန်း သီး​ဖြင့်​အုံ​၍​ထား​ပါ။ ထို​အ​နာ​သည်​သက် သာ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​ပြော​၏။-

8. မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​နာ ကို​ပျောက်​ကင်း​စေ​သ​ဖြင့် ငါ​သည်​သုံး​ရက်​ကြာ သော်​ဗိ​မာန်​တော်​သို့​သွား​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ်​သက်​သေ​လက္ခ​ဏာ​အား​ဖြင့်​သိ​ရှိ​နိုင် ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။-

9. ဟေ​ရှာ​ယ​က``ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏ ကတိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​သက်​သေ​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​မည်။ အ​ရှင်​သည်​လှေ​ကား ပေါ်​တွင်​ကျ​လျက်​ရှိ​သော​အ​ရိပ်​ကို​ရှေ့​သို့ ဆယ်​ထစ်​တိုး​စေ​လို​ပါ​သ​လော။ သို့​မ​ဟုတ် နောက်​သို့​ဆယ်​ထစ်​ဆုတ်​စေ​လို​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။

10. ဟေ​ဇ​ကိ​က``အ​ရိပ်​ကို​ဆယ်​ထစ်​တိုး​စေ​ရန် မှာ​လွယ်​ကူ​၏။ သို့​ဖြစ်​၍​ဆယ်​ထစ်​ဆုတ်​ပါ လေ​စေ'' ဟု​ဆို​၏။

11. ဟေ​ရှာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ ပြု​ခြင်း​အား​ဖြင့် အာ​ခတ်​မင်း​ဆောက်​လုပ်​ထား ခဲ့​သည့်​လှေ​ကား​ပေါ်​တွင်​ကျ​လျက်​ရှိ​သော အ​ရိပ်​သည်​နောက်​သို့​ဆယ်​ထစ်​ဆုတ်​လေ​၏။

၄ ရာ 20