1. ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
2. ဟေဇကိသည် နံရံဘက်သို့မျက်နှာလှည့်လျက်၊-
3. ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
4. ဟေရှာယသည်မင်းကြီးထံမှထွက်ခွာသွား ရာ နန်းတော်အလယ်ဝင်းကိုမဖြတ်မီဟေ ရှာယထံသို့၊-
16-17. ထိုအခါဟေရှာယသည်မင်းကြီးအား``အရှင့် နန်းတော်တွင်ရှိသမျှသောအရာတို့ကိုလည်း ကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုးဘေးတို့စု ဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာရှိသမျှကို လည်းကောင်း ဗာဗုလုန်ပြည်သို့ဆောင်ယူသွား ရာနေ့ရက်ကာလရောက်ရှိလာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခုမျှကျန်ရစ် လိမ့်မည်မဟုတ်။-