1. ယုဒဘုရင်အာခတ်၏နန်းစံတစ်ဆယ့်နှစ်နှစ် မြောက်၌ ဧလာ၏သားဟောရှေသည်ဣသရေ လဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင် ကိုးနှစ်နန်းစံလေသည်။-
2. သူသည်ထာဝရဘုရားအားပြစ်မှားသော် လည်း မိမိ၏နောင်တော်ဣသရေလဘုရင် များလောက်မဆိုးရွားချေ။-
3. အာရှုရိဧကရာဇ်ဘုရင်ရှာလမနေဇာစစ်ချီ လာသောအခါ ဟောရှေသည်အရှုံးပေးပြီး လျှင်နှစ်စဉ်နှစ်တိုင်းအခွန်ဘဏ္ဍာဆက်သ လေသည်။-