5. ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့သည် စစ်ချီ၍ယေရုရှလင်မြို့ကိုဝိုင်းရံ ထားကြသော်လည်း အာခတ်မင်းကိုမနှိမ်နင်း နိုင်ကြ။-
6. (ထိုအချိန်၌ပင်လျှင်ဧဒုံဘုရင်သည်ဧလတ် မြို့ကိုပြန်လည်သိမ်းယူပြီးနောက် ထိုပြည်တွင် နေထိုင်သူယုဒပြည်သားတို့အားနှင်ထုတ် လိုက်လေသည်။ ဧဒုံပြည်သားတို့သည်ဧလတ် မြို့သို့လာရောက်နေထိုင်၍ယနေ့တိုင်အောင် ရှိနေကြသတည်း။-)
7. အာခတ်မင်းသည်အာရှုရိဧကရာဇ်ဘုရင် တိဂလတ်ပိလေသာထံသို့``အကျွန်ုပ်သည် အရှင်၏သစ္စာတော်ခံ၊ အစေခံတစ်ဦးဖြစ် ပါ၏။ အကျွန်ုပ်တို့ကိုတိုက်ခိုက်လျက်နေသူ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့လက်မှ ကယ်တော်မူပါ'' ဟုသဝဏ်လွှာရေး၍သံ တမန်များစေလွှတ်ပေးပို့လိုက်၏။-
8. အာခတ်သည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်ထဲမှရွှေ၊ ငွေတို့ကိုယူ၍ဧကရာဇ် မင်းအားလက်ဆောင်ပဏ္ဏာအဖြစ်ဆက်သ လေသည်။-
9. တိဂလတ်ပိလေသာသည်အာခတ်မင်း၏ပန် ကြားချက်အရ မိမိ၏တပ်မတော်နှင့်အတူ ဒမာသက်မြို့ကိုချီတက်သိမ်းယူပြီးလျှင် ရေဇိန်မင်းအားလုပ်ကြံ၍ပြည်သူတို့အား ကိရမြို့သို့သုံ့ပန်းများအဖြစ်ဖမ်းသွား တော်မူ၏။
10. အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။-
11. သို့ဖြစ်၍ဥရိယသည်ထိုပုံစံအတိုင်း တိကျ စွာယဇ်ပလ္လင်တစ်ခုကိုအာခတ်မင်းပြန်၍ မရောက်မီ အပြီးဆောက်လုပ်ထားလေသည်။-
12. ဒမာသက်မြို့မှပြန်၍ရောက်ရှိလာသော အခါ အာခတ်မင်းသည်တည်ဆောက်ပြီး သည့်ယဇ်ပလ္လင်ကိုမြင်လေလျှင်၊-
13. ထိုပလ္လင်ပေါ်တွင်ယဇ်ကောင်များနှင့်ဘောဇဉ် ပူဇော်သကာများကိုမီးရှို့ပူဇော်၏။ ထိုနောက် စပျစ်ရည်ပူဇော်သကာများနှင့် မိတ်သဟာယ ယဇ်ဆိုင်ရာသွေးတို့ကိုလည်း ထိုယဇ်ပလ္လင်ပေါ် တွင်သွန်းလောင်းလေသည်။-