၄ ရာ 15:32-33-38 Common Language Bible (BCL)

4. သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် လူ​တို့​သည်​ထို ဌာ​န​များ​တွင် ဆက်​လက်​၍​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။-

5. ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇိ​အား​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​သေ သည့်​တိုင်​အောင်​ထို​ရော​ဂါ​ကို​ခံ​စား​ရ​၏။ သို့ ဖြစ်​၍​သား​တော်​ယော​သံ​အား တိုင်း​ပြည်​အုပ် ချုပ်​မှု​တာ​ဝန်​ကို​လွှဲ​အပ်​ပြီး​လျှင် သီး​ခြား အိမ်​တော်​တွင်​စံ​တော်​မူ​ရ​လေ​သည်။-

6. သြ​ဇိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-

7. သြ​ဇိ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယော​သံ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။

8. ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​၏ သား​ဇာ​ခ​ရိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌​ခြောက် နှစ်​နန်း​စံ​ရ​၏။-

9. သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​များ​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ နေ​ဗတ်​၏​သား​ယေရော ဗောင်​၏​ဆိုး​ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၏။-

32-33. ရေ​မ​လိ​၏​သား၊ ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ​၏ နန်း​စံ​နှစ်​နှစ်​မြောက်​၌ သြ​ဇိ​၏​သား​ယော​သံ သည် အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​တစ်​ဆယ့်​ခြောက်​နှစ်​စိုး​စံ​လေ သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ဒုတ်​၏​သ​မီး ယေ​ရု​ရှာ​ဖြစ်​၏။-

34. ယော​သံ​သည်​မိ​မိ​၏​ခ​မည်း​တော်​သြ​ဇိ​မင်း ၏​စံ​န​မူ​နာ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​သော​အ​မှု​တို့​ကို​ပြု​၏။-

35. သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် ပြည်​သူ​တို့​သည် ထို ဌာ​န​များ​တွင်​ဆက်​လက်​၍​ယဇ်​များ​ကို​ပူ ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။ ယော​သံ သည်​ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​တည်​ဆောက် ခဲ့​သူ​ဖြစ်​ပေ​သည်။

36. ယော​သံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

37. ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​အား ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​ကြ​ရန် ထာ​ဝရ ဘု​ရား​စေ​လွှတ်​တော်​မူ​သည်​မှာ​ယော​သံ​၏ လက်​ထက်​၌​ဖြစ်​၏။-

38. ယော​သံ​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​ခတ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

၄ ရာ 15