4. ထိုအခါယောခတ်သည်ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြု၏။ ထာဝရဘုရားသည် လည်းရှုရိဘုရင်၏ညှဉ်းဆဲနှိပ်စက်မှုကို ဣသ ရေလအမျိုးတို့အဘယ်မျှခံနေရကြ ကြောင်းကိုရှုမှတ်တော်မူသဖြင့် ယောခတ် ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။-
5. ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ရှုရိအမျိုးသားတို့၏လက်မှကယ်တင် မည့်သူကိုပေါ်ထွန်းစေတော်မူသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် ယခင်က နည်းတူငြိမ်းချမ်းသာယာစွာနေထိုင်ရကြ၏။-
6. သို့ရာတွင်သူတို့သည်မိမိတို့အား ယေရော ဗောင်မင်းရှေ့ဆောင်လမ်းပြခဲ့သည့်ဒုစရိုက် လမ်းစဉ်ကိုမစွန့်ဘဲ ဆက်လက်၍လိုက်မြဲ လိုက်ကြ၏။ အာရှရဘုရားမ၏တံခွန် တိုင်သည်ရှမာရိမြို့တွင်ရှိမြဲရှိသေး၏။