16. ဧလိရှဲက``လေးကိုတင်လော့'' ဟုဆို၏။ ထို အခါမင်းကြီးသည်လေးကိုတင်လေ၏။ ထို နောက်ဧလိရှဲသည် မိမိလက်ကိုမင်းကြီး ၏လက်ပေါ်တွင်တင်ပြီးလျှင်၊-
17. ရှုရိပြည်ဘက်သို့မျက်နှာမူလျက်ရှိသည့်ပြူ တင်းပေါက်ကို မင်းကြီးအားဖွင့်စေ၏။ ထိုနောက် ဧလိရှဲက``မြားကိုပစ်လော့'' ဟုအမိန့်ပေးသည့် အတိုင်းပစ်လေသော်ပရောဖက်က``သင်သည် ထာဝရဘုရား၏မြားဖြစ်၏။ ဘုရားရှင်သည် ထိုမြားအားဖြင့်ရှုရိပြည်ကိုအနိုင်ရတော် မူလိမ့်မည်။ သင်သည်အာဖက်မြို့တွင် ရှုရိအမျိုး သားတို့အားအနိုင်မရမချင်းတိုက်ခိုက်လိမ့် မည်'' ဟုဆို၏။
18. ထိုနောက်ဧလိရှဲသည်မင်းကြီးအား အခြား မြားတို့ကိုယူစေ၍``မြေကြီးကိုရိုက်လော့'' ဟုဆိုသည့်အတိုင်းသုံးကြိမ်ရိုက်ပြီးလျှင် ရပ်လိုက်၏။-
19. ယင်းသို့ရပ်လိုက်သည့်အတွက်ဧလိရှဲသည် အမျက်ထွက်၍ မင်းကြီးအား``အကယ်၍ငါး ကြိမ်ခြောက်ကြိမ်ရိုက်ခဲ့ပါမူ ရှုရိအမျိုးသား တို့အားအပြီးအပိုင်အနိုင်ရမည်။ ယခု မှာမူသုံးကြိမ်သာလျှင်သူတို့အားအနိုင် ရလိမ့်မည်'' ဟုဆို၏။