24. ထိုနောက်သူနှင့်ယောနဒပ်သည် ဗာလဘုရား အားယဇ်ပူဇော်ရန်နှင့်ပူဇော်သကာများကို ဆက်သရန်အတွင်းသို့ဝင်ကြ၏။ ယေဟုသည် ဗာလဗိမာန်အပြင်တွင် လူရှစ်ဆယ်ကိုနေရာ ယူစေပြီးလျှင်``သင်တို့သည်ဤသူအပေါင်း ကိုသတ်ဖြတ်ရကြမည်။ အကယ်၍တစ်စုံ တစ်ယောက်ထွက်ပြေးလွတ်မြောက်သွားလျှင် တာဝန်ရှိသူသည်အသတ်ခံရမည်'' ဟု အမိန့်ပေးထားလေသည်။
25. ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
26. ဗာလဘုရားကျောက်တိုင်ကိုယူပြီးလျှင် မီးရှို့ကြ၏။-
27. သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
28. ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။-
29. သို့ရာတွင်ယေဟုသည်ယေရောဗောင်မင်း ကိုအတုခိုး၏။ ယေရောဗောင်ကားဣသ ရေလအမျိုးသားတို့အားဗေသလမြို့ နှင့်ဒန်မြို့တွင် မိမိပြုလုပ်ထားသည့်ရွှေ နွားရုပ်များကိုဝတ်ပြုကိုးကွယ်စေသည့် အပြစ်ကိုကူးလွန်ခဲ့၏။-
30. ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။-
31. သို့ရာတွင်ယေဟုသည် ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား၏ ပညတ်တရားတော်ကိုစိတ်နှလုံးအကြွင်း မဲ့မလိုက်လျှောက်ဘဲ ဣသရေလအမျိုး သားတို့အားအပြစ်ကူးလွန်ရန် လမ်းပြ သူယေရောဗောင်၏လမ်းစဉ်ကိုလိုက်လေ သည်။
32. ထိုအခါကာလ၌ထာဝရဘုရားသည် ဣသရေလနယ်မြေ၏အကျယ်အဝန်း ကိုကျုံ့စေတော်မူ၏။ ရှုရိဘုရင်ဟာဇေ လသည်၊-