12. ဟိရံသည်ထိုမြို့များသို့သွားရောက်ကြည့်ရှု ပြီးနောက် မနှစ်သက်သဖြင့်ရှောလမုန်မင်း အား``အဆွေတော်ပေးသည့်မြို့များကား အဘယ်သို့သောမြို့များနည်း'' ဟုဆိုသည် ကို၊-
13. အစွဲပြု၍ထိုအရပ်ကိုကာဗုလဟူ၍ ယခုတိုင်အောင်သမုတ်ကြလေသည်။-
14. ဟိရံသည်ရှောလမုန်အားရွှေချိန်လေးတန် နီးပါးပေးပို့ခဲ့သတည်း။
15. ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။-
16. (အီဂျစ်ဘုရင်သည်ဂေဇာမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မြို့သူမြို့သားတို့ကိုသတ်၍မြို့ကို မီးရှို့ပစ်လေသည်။ ထို့နောက်သမီးတော်အား ရှောလမုန်နှင့်ထိမ်းမြားမင်္ဂလာပြုချိန်၌ထို မြို့ကိုလက်ဖွဲ့တော်မူ၏။-
17. သို့ဖြစ်၍ရှောလမုန်သည်ဂေဇာမြို့ကိုပြန် လည်တည်ဆောက်တော်မူခြင်းဖြစ်၏။) ရှော လမုန်သည်အောက်ဗေသောရုန်မြို့၊-
18. ဗာလက်မြို့၊ ယုဒပြည်တောကန္တာရရှိတာ ဒမော်မြို့တို့ကိုလည်းကောင်း၊-
19. ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းများ၊ စစ်ရထား များ၊ စခန်းမြို့များကိုလည်းကောင်း၊ ယေရု ရှလင်မြို့၊ လေဗနုန်တောင်ပေါ်နှင့်နိုင်ငံတော် အတွင်းအခြားဒေသများတွင် မိမိဆောက် လုပ်လိုသမျှသောအဆောက်အအုံများကို လည်းကောင်းချွေးတပ်ဖြင့်ပင်တည်ဆောက်တော် မူ၏။-
20-21. ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲထားခဲ့သည့်ခါနာန်အမျိုးသားများမှ ဆင်းသက်လာသူတို့ကိုမိမိ၏ချွေးတပ် အဖြစ်အသုံးပြုလေသည်။ ထိုသူတို့အထဲ တွင်အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိနှင့်ယေ ဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထိုသူ တို့၏သားမြေးများသည်ယနေ့တိုင်အောင် ဆက်လက်၍ကျွန်ခံနေရကြသတည်း။-
22. ရှောလမုန်သည်ယုဒအမျိုးသားတို့ကိုမူ ကျွန်ခံစေတော်မမူ။ သူတို့သည်စစ်သူရဲ များ၊ မှူးမတ်များ၊ စစ်ရထားမှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့်အမှုထမ်း ရကြလေသည်။
23. ရှောလမုန်၏ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေသောချွေးတပ်သားတို့အပေါ်ကြီး ကြပ်အုပ်ချုပ်ရေးမှူးငါးရာငါးဆယ်ရှိသတည်း။
24. ထို့နောက်ရှောလမုန်သည် အီဂျစ်ဘုရင်၏သမီး တော်ကိုသူ၏အတွက် မိမိဆောက်လုပ်ပေးသည့် စံနန်းသို့ဒါဝိဒ်မြို့မှခေါ်ဆောင်လာပြီး နောက် မြို့၏အရှေ့ပိုင်းတွင်မြေဖို့တော်မူ၏။