30. ရှောလမုန်သည်အရှေ့တိုင်းသားပညာရှင် များနှင့် အီဂျစ်ပြည်သားပညာရှင်များ ထက်ပင်ပို၍ပညာရှိလေသည်။-
31. သူသည်ဧဇရဟိတ်အမျိုးသားဧသန်ထက် လည်းကောင်း၊ မဟောလ၏သားများဖြစ် သောဟေမန်၊ ခါလကောလနှင့်ဒါရဒတို့ ထက်လည်းကောင်းပညာရှိ၏။ သူသည်လူ အပေါင်းတို့တွင်ပညာအရှိဆုံးဖြစ် သတည်း။ ပတ်ဝန်းကျင်တိုင်းနိုင်ငံအပေါင်း သို့သူ၏ပညာသတင်းပျံ့နှံ့၍သွား ၏။-
32. သူစီကုံးပြုစုသည့်စကားပုံသုံးထောင် နှင့်သီချင်းတစ်ထောင်ကျော်ရှိ၏။-
33. သူသည်လေဗနုန်သစ်ကတိုးပင်မှသည် အုတ် ရိုးကပ်ဟုဿုတ်ပင်အထိသစ်ပင်ကြီးငယ် များအကြောင်းကိုဆွေးနွေးတင်ပြခဲ့၏။ တိရစ္ဆာန်များ၊ ငှက်များ၊ တွားတတ်သောသတ္တဝါ များနှင့်ငါးများ၏အကြောင်းကိုလည်း ဖော်ပြခဲ့ပေသည်။-
34. ကမ္ဘာတစ်ဝန်းလုံးရှိမင်းတို့သည်ရှောလမုန်၏ ပညာသတင်းကိုကြားသိကြသောအခါ စေတမန်များကိုလွှတ်၍သူ၏သြဝါဒ များကိုကြားနာစေကြ၏။