12. သူတို့သည်အစာရှောင်ရာနေ့တစ်နေ့ကိုကြေညာ ပြီးလျှင် ပြည်သူတို့အားစုဝေးစေလျက်နာဗုတ် အားဂုဏ်ထူးဆောင်နေရာထိုင်ခင်းကိုပေးကြ၏။-
13. မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
14. နာဗုတ်အားသေဒဏ်ခတ်ပြီးကြောင်းကိုလည်း ယေဇဗေလထံသတင်းပေးပို့ကြလေသည်။
15. ထိုသတင်းကိုရလျှင်ရခြင်းယေဇဗေလသည် အာဟပ်အား``နာဗုတ်သေပြီဖြစ်၍ယခုအရှင် သွား၍သူမရောင်းလိုသောစပျစ်ဥယျာဉ်ကို သိမ်းယူတော်မူပါလော့'' ဟုလျှောက်၏။-
16. အာဟပ်သည်လည်းထိုဥယျာဉ်ကိုသိမ်းယူ ရန်ချက်ချင်းထ၍သွားတော်မူ၏။
17. ထိုအခါထာဝရဘုရားသည်တိရှဘိမြို့သား ပရောဖက်ဧလိယအား၊-
18. ``သင်သည်ရှမာရိမြို့ရှိအာဟပ်မင်းထံသို့သွား လော့။ သူသည်နာဗုတ်၏ဥယျာဉ်ကိုသိမ်းယူရန် ထိုဥယျာဉ်ထဲ၌ရှိနေသည်ကိုတွေ့လိမ့်မည်။-
19. ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။
20. အာဟပ်သည်ဧလိယကိုမြင်သောအခါ``ငါ ၏ရန်သူ၊ သင်သည်ငါ့ကိုတွေ့ပြီလော'' ဟု မေး၏။ဧလိယကလည်း``တွေ့ပြီ။ သင်သည်ထာဝရ ဘုရား၏မျက်နှာတော်တွင်ဒုစရိုက်ကို သာပြုလို၏။-
21. ထို့ကြောင့်ထာဝရဘုရားက`ငါသည်သင့် အားဘေးဒဏ်သင့်စေမည်။ သင့်ကိုသုတ်သင် ပယ်ရှင်း၍သင်၏အိမ်ထောင်စုသားယောကျာ်း ဟူသမျှကိုလည်းဖယ်ရှားပစ်မည်။-
22. သင်သည်ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြသည်ဖြစ်၍ သင်၏ အိမ်ထောင်စုသည်နေဗက်၏သားယေရောဗောင် မင်း၏အိမ်ထောင်စုကဲ့သို့လည်းကောင်း၊ အဟိယ ၏သားဗာရှာမင်း၏အိမ်ထောင်စုကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။'-