8. ခေါင်းဆောင်များနှင့်ပြည်သူတို့က``ဤသူ၏ စကားကိုအရေးစိုက်တော်မမူပါနှင့်။ အညံ့ လည်းခံတော်မမူပါနှင့်'' ဟုလျှောက်၏။
9. သို့ဖြစ်၍အာဟပ်သည်ဗင်္ဟာဒဒ်၏သံတမန် တို့အား``ငါသည်ပထမတောင်းဆိုချက်ကို လိုက်လျောရန်သဘောတူသော်လည်း ဒုတိယ တောင်းဆိုချက်ကိုမူမလိုက်လျောနိုင်ကြောင်း ငါ့အရှင်ဘုရင်မင်းအားလျှောက်ထားကြ လော့'' ဟုမိန့်တော်မူ၏။သံတမန်တို့သည်ပြန်သွားပြီးနောက် တစ်ဖန် ပြန်လာ၍၊-
10. ``ဗင်္ဟာဒဒ်မင်းက`သင်၏မြို့ကိုဖြိုဖျက်၍ ကျောက်ခဲအကျိုးအပဲ့တို့ကို လက်နှင့်သယ် နိုင်လောက်အောင်လူအမြောက်အမြားကိုငါ ခေါ်ဆောင်ခဲ့မည်။ ဤသို့မပြုခဲ့သော်ဘုရား များသည်ငါ့အားအဆုံးစီရင်ကြပါစေ သော' ဟုမိန့်တော်မူပါ၏'' ဟုလျှောက်ကြ၏။
11. အာဟပ်မင်းကလည်း``စစ်သူရဲပီသသူသည် တိုက်ပွဲပြီးမှဝါကြွားတတ်၏။ တိုက်ပွဲမပြီး မီဝါကြွားလေ့မရှိကြောင်း ဗင်္ဟာဒဒ်မင်းအား ပြန်ကြားလျှောက်ထားကြလော့'' ဟုဆို၏။