၃ ရာ 20:36-41 Common Language Bible (BCL)

36. သူ့​အား``သင်​သည်​ထာဝရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​သည်​ဖြစ်​၍ ငါ​၏​ထံ​မှ​ထွက်​ခွာ သွား​သည်​နှင့်​တစ်​ပြိုင်​နက်​ခြင်္သေ့​ကိုက်​၍​သေ လိမ့်​မည်'' ဟု​ဆို​၏။ ယင်း​သို့​ဆို​သည့်​အ​တိုင်း ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် ထို​ပ​ရော​ဖက်​သည်​ခြင်္သေ့​ကိုက်​၍​သေ လေ​သည်။

37. ထို့​နောက်​အ​ရိုက်​ခိုင်း​သော​ပ​ရော​ဖက်​သည် အ​ခြား​သူ​တစ်​ဦး​ထံ​သွား​၍``ငါ့​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သူ​သည်​ပြင်း​စွာ​ရိုက် ၍​ဒဏ်​ရာ​ရ​စေ​၏။-

38. ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။-

39. မင်း​ကြီး​ကြွ​လာ​တော်​မူ​သော​အ​ခါ​ပ​ရော ဖက်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​တိုက်​ပွဲ ဝင်​လျက်​နေ​စဉ် စစ်​သား​တစ်​ယောက်​သည်​ရန်​သူ သုံ့​ပန်း​တစ်​ဦး​ကို​အ​ကျွန်ုပ်​ထံ​အပ်​၍`ဤ​သူ​ကို ထိန်း​သိမ်း​ထား​လော့။ အ​ကယ်​၍​ထို​သူ​ထွက်​ပြေး သွား​ပါ​က သင်​သည်​သူ​၏​အ​သက်​အ​စား​မိ​မိ ၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သို့​မ​ဟုတ်​လျှင် လည်း​ငွေ​သား​သုံး​ထောင်​ဒဏ်​ဆောင်​ရ​မည်' ဟု မှာ​ကြား​ခဲ့​ပါ​၏။-

40. သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​အ​လုပ်​များ​နေ​စဉ်​ထို​သုံ့​ပန်း​ထွက် ပြေး​သွား​ပါ​သည်'' ဟု​လျှောက်​၏။မင်း​ကြီး​က``သင်​ကိုယ်​တိုင်​စီ​ရင်​ချက်​ချ​ပြီး ဖြစ်​၍ သင်​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု ဆို​၏။

41. ထို​အ​ခါ​ပ​ရော​ဖက်​သည် မိ​မိ​၏​မျက်​နှာ​မှ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​လိုက်​သော​အ​ခါ မင်း ကြီး​သည်​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​ကြောင်း ကို​သိ​လေ​သည်။-

၃ ရာ 20