၃ ရာ 20:28-30 Common Language Bible (BCL)

28. ပ​ရော​ဖက်​တစ်​ပါး​သည်​အာ​ဟပ်​မင်း​ထံ​သို့ သွား​၍``ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​သည်။ လွင်​ပြင်​ကို အ​စိုး​မ​ရ​ဟု​ရှု​ရိ​အ​မျိုး​သား​တို့​က​ဆို သော​ကြောင့် သူ​တို့​၏​ကြီး​မား​သော​တပ်​မ တော်​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​နှင့် တ​ကွ​သင်​၏​ပြည်​သူ​တို့​သိ​ရ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

29. ရှု​ရိ​အ​မျိုး​သား​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​သည် ခု​နစ်​ရက်​တိုင်​တိုင်​မျက်​နှာ​ချင်း​ဆိုင် တပ်​စွဲ​လျက်​နေ​ကြ​၏။ ခု​နစ်​ရက်​မြောက်​သော နေ့​၌​စ​တင်​တိုက်​ခိုက်​ကြ​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​ရှု​ရိ​အ​မျိုး​သား တစ်​သိန်း​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-

30. ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။-

၃ ရာ 20