၃ ရာ 20:1-6 Common Language Bible (BCL)

1. ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။-

2-3. သူ​သည်​သံ​တ​မန်​များ​ကို​မြို့​တွင်း​သို့​စေ​လွှတ် ၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​အား``ဗင်္ဟာ​ဒဒ်​မင်း သည်​သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး တော်​များ​ကို​သူ့​အား​ပေး​အပ်​ရန်​တောင်း​ဆို လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​စေ​၏။

4. ထို​အ​ခါ​အာ​ဟပ်​က``ငါ​နှင့်​ငါ​ပိုင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ်​အား​ပေး အပ်​ရန် သ​ဘော​တူ​ကြောင်း​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ် မင်း​အား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။

5. ထို့​နောက်​တစ်​ဖန်​သံ​တ​မန်​တို့​သည်​အာ​ဟပ်​ထံ သို့​ပြန်​လာ​ပြီး​လျှင်``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ​ကို ငါ​တောင်း​ဆို​ခဲ့​၏။-

6. ယ​ခု​ငါ​သည်​သင်​၏​နန်း​တော်​နှင့်​တ​ကွ​မှူး မတ်​တို့​၏​နေ​အိမ်​များ​ကို​ရှာ​ဖွေ​၍ အ​ဖိုး ထိုက်​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​သိမ်း​ယူ​ရန် တပ်​မ​တော်​အ​ရာ​ရှိ​တို့​ကို​စေ​လွှတ်​မည်။ သူ တို့​သည်​နက်​ဖြန်​ဤ​အ​ချိန်​ခန့်​၌​သင်​ထံ​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်' ဟု​မိန့်​မှာ​လိုက် ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

၃ ရာ 20