1. ရှုရိဘုရင်ဗင်္ဟာဒဒ်သည် မိမိ၏စစ်သည်တော် အပေါင်းကိုစုရုံးစေပြီးလျှင် အခြားမင်း သုံးကျိပ်နှစ်ပါးခြံရံလျက်သူတို့၏မြင်း တပ်၊ ရထားတပ်များနှင့်အတူချီတက်၍ ရှမာရိမြို့ကိုဝိုင်းရံထားတော်မူ၏။-
2-3. သူသည်သံတမန်များကိုမြို့တွင်းသို့စေလွှတ် ၍ ဣသရေလဘုရင်အာဟပ်အား``ဗင်္ဟာဒဒ်မင်း သည်သင်၏ ရွှေ ငွေ၊ မိဖုရား၊ သားတော်သမီး တော်များကိုသူ့အားပေးအပ်ရန်တောင်းဆို လိုက်ပါသည်'' ဟုလျှောက်ထားစေ၏။
4. ထိုအခါအာဟပ်က``ငါနှင့်ငါပိုင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါ့အရှင်ဗင်္ဟာဒဒ်အားပေး အပ်ရန် သဘောတူကြောင်းငါ့အရှင်ဗင်္ဟာဒဒ် မင်းအားလျှောက်ထားကြလော့'' ဟုဆို၏။
5. ထို့နောက်တစ်ဖန်သံတမန်တို့သည်အာဟပ်ထံ သို့ပြန်လာပြီးလျှင်``ဗင်္ဟာဒဒ်မင်းက`သင်၏ ရွှေ ငွေ၊ မိဖုရား၊ သားတော်သမီးတော်များကို ငါတောင်းဆိုခဲ့၏။-