၃ ရာ 2:30-33 Common Language Bible (BCL)

30. ဗေ​နာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​သို့​သွား​၍ ယွာ​ဘ​အား``အပြင် သို့​ထွက်​ခဲ့​လော့။ မင်း​ကြီး​အ​မိန့်​တော်​ရှိ သည်'' ဟု​ဆို​၏။ယွာ​ဘ​က``ငါ​မ​လာ​လို။ ဤ​အ​ရပ်​တွင်​ပင် အ​သေ​ခံ​မည်'' ဟု​ပြန်​ပြော​၏။ဗေ​နာ​ယ​သည်​လည်း​မင်း​ကြီး​ထံ​ပြန်​သွား ပြီး​လျှင် ယွာ​ဘ​ပြော​သည့်​စ​ကား​ကို​ပြန် ကြား​လျှောက်​ထား​လေ​သည်။

31. ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။-

32. ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။-

33. ထို​လူ​သတ်​မှု​များ​အ​တွက်​ယွာ​ဘ​နှင့်​သူ​၏ သား​မြေး​တို့​သည် ထာ​ဝ​စဉ်​အ​ပြစ်​ဒဏ်​ခံ​ရ ကြ​လတ္တံ့။ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ဆက်​ခံ​ကြ​သော​သား​မြေး​တို့​ကို​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည်​အ​စဉ်​အ​မြဲ​အောင်​ပွဲ ခံ​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

၃ ရာ 2