၃ ရာ 19:11-16 Common Language Bible (BCL)

11. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဂူ​ပြင် သို့​ထွက်​၍​တောင်​ထိပ်​ပေါ်​၌​ငါ​၏​အ​ရှေ့​မျက် မှောက်​တွင်​ရပ်​နေ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​နီး​မှ ဖြတ်​ကြွ​တော်​မူ​၍ လေ​ပြင်း​မုန်​တိုင်း​ကို​တိုက် ခတ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​တောင်​များ​သည် ပြို​ကွဲ​ကြ​လျက်​ကျောက်​တို့​သည်​လည်း​ကြေ မွ​သွား​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား သည်​ထို​လေ​မုန်​တိုင်း​ထဲ​၌​ရှိ​တော်​မ​မူ။ လေ အ​တိုက်​ရပ်​သော​အ​ခါ​မြေ​င​လျင်​လှုပ်​လေ ၏။ သို့​ရာ​တွင်​ထို​မြေ​င​လျင်​ထဲ​၌​လည်း ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မ​မူ။-

12. မြေ​င​လျင်​လှုပ်​ပြီး​နောက်​မီး​လျှံ​တောက် လောင်​လေ​သည်။ သို့​ရာ​တွင်​ထို​မီး​လျှံ​ထဲ​၌ လည်း​ထာ​ဝရ​ဘု​ရား​ရှိ​တော်​မ​မူ။ မီး​လျှံ တောက်​လောင်​ပြီး​နောက်​ဖြည်း​ညှင်း​သော​အ​သံ ပေါ်​ထွက်​လာ​၏။

13. ထို​အ​သံ​ကို​ကြား​သော​အ​ခါ ဧ​လိ​ယ​သည် မိ​မိ​၏​မျက်​နှာ​ကို​ဝတ်​လုံ​ဖြင့်​အုပ်​၍​ထွက်​သွား ပြီး​လျှင်​ဂူ​ဝ​တွင်​ရပ်​နေ​၏။ ထို​အ​ခါ``ဧ​လိ​ယ၊ သင်​သည်​အဘယ်​ကြောင့်​ဤ​အ​ရပ်​သို့​ရောက်​ရှိ လာ​သ​နည်း'' ဟု​မေး​သံ​ကို​ကြား​ရ​၏။

14. ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့် ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ကိုယ်​တော်​၏​ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း​သာ​လျှင်​မ​သေ​ဘဲ ကျန်​ရှိ​သော အ​ကျွန်ုပ်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​နေ ကြ​ပါ​၏'' ဟု​လျှောက်​၏။

15. ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ဒ​မာ​သက်​မြို့​အ​နီး တော​ကန္တာ​ရ​သို့​ပြန်​သွား​ပြီး​နောက် ထို​မြို့​သို့​ဝင် ၍​ဟာ​ဇေ​လ​အား​ရှု​ရိ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​လော့။-

16. နိမ်​ရှိ​၏​သား​ယေ​ဟု​ကို​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ မြို့​သား​ရှာ​ဖတ်​၏​သား​ဧ​လိ​ရှဲ​ကို​သင်​၏ အ​ရိုက်​အ​ရာ​ဆက်​ခံ​ရန်​ပ​ရော​ဖက်​အ​ဖြစ် ဘိ​သိက်​ပေး​လော့။-

၃ ရာ 19