15. သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောဥစ္စာပစ္စည်းများနှင့် မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ အသုံး ဆောင်များကိုဗိမာန်တော်တွင်ထားရှိတော်မူ၏။
16. ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-
17. ဗာရှာသည်ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီး လျှင် ယုဒပြည်သို့အဝင်အထွက်လမ်းကိုပိတ် စေရန်ရာမမြို့ကိုတံတိုင်းကာ၍ထား၏။-
18. ထို့ကြောင့်အာသမင်းသည်ဗိမာန်တော်နှင့်နန်း တော်တွင်ကျန်ရှိနေသေးသော ရွှေ၊ ငွေရှိသမျှကို မှူးမတ်အချို့တို့လက်ဖြင့်ဒမာသက်မြို့ရှိ ရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ယူဆောင်သွားစေ တော်မူ၏။ ဗင်္ဟာဒဒ်ကားရေဇုန်၏မြေး၊ တာဗရိ မုန်၏သားဖြစ်သတည်း။-
19. အာသသည်သူ၏ထံသို့``အကျွန်ုပ်တို့သည်ကျွန်ုပ် တို့၏ခမည်းတော်များကဲ့သို့မဟာမိတ်ဖွဲ့ကြ ကုန်အံ့။ ဤရွှေ၊ ငွေများမှာအဆွေတော်အတွက် လက်ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိ၏စစ်တပ် များကိုကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွားစေရန် အဆွေတော်သည်သူနှင့်မဟာမိတ်ဖွဲ့မှုကိုဖျက် သိမ်းပစ်ပါလော့'' ဟုမှာကြားတော်မူလိုက်၏။