၃ ရာ 14:3-8 Common Language Bible (BCL)

3. သူ့​အ​တွက်​မုန့်​ဆယ်​လုံး၊ မုန့်​ပြား​အ​ချို့​နှင့် ပျား​ရည်​တစ်​ဘူး​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ငါ​တို့​၏​သား​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စုံ​စမ်း မေး​မြန်း​လော့။ သူ​သည်​သင့်​အား​ပြော​ပြ လိမ့်​မည်'' ဟု​ဆို​၏။

4. သို့​ဖြစ်​၍​မိ​ဖု​ရား​သည် ရှိ​လော​မြို့​ရှိ​အ​ဟိ​ယ ၏​အိမ်​သို့​သွား​လေ​သည်။ အ​ဟိ​ယ​သည် အ​သက်​ကြီး​သ​ဖြင့်​မျက်​စိ​ကွယ်​လျက်​နေ​၏။-

5. ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရော​ဗောင်​၏​မိ​ဖု​ရား သည် ဖျား​နာ​နေ​သော​သား​အ​ကြောင်း​ကို​မေး မြန်း​စုံ​စမ်း​ရန်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ့ အား​ဤ​အ​တိုင်း​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည်​အ​ဟိ​ယ​ထံ​သို့ ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​ကိုယ်​ကို​အ​ခြား သူ​၏​အ​ယောင်​ကို​ဆောင်​၍​လာ​၏။-

6. သို့​ရာ​တွင်​အ​ဟိ​ယ​သည်​တံ​ခါး​ဝ​မှ​သူ​၏ ခြေ​သံ​ကို​ကြား​သည်​နှင့်``ဝင်​ခဲ့​လော့။ သင်​သည် ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​ဖြစ်​ကြောင်း​ကို​ငါ သိ​၏။ အ​ဘယ်​ကြောင့်​သင်​သည် မိ​မိ​ကိုယ်​ကို အ​ခြား​သူ​၏​အ​ယောင်​ကို​ဆောင်​သ​နည်း။ သင်​၏​အ​တွက်​ငါ့​မှာ​သ​တင်း​ဆိုး​ရှိ​၏။-

7. ယေ​ရော​ဗောင်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​ဤ​သို့​တည်း။ ကိုယ်​တော်​က`ငါ​သည်​သင့် အား​ပြည်​သူ​များ​အ​ထဲ​မှ​ရွေး​ချယ်​၍ ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​အုပ်​စိုး​စေ​ခဲ့​၏။-

8. ဒါ​ဝိဒ်​၏​သား​မြေး​များ​လက်​မှ​နိုင်​ငံ​တော်​ကို ယူ​၍ သင့်​အား​ပေး​အပ်​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည် ငါ့​အား​အ​ကြွင်း​မဲ့​သစ္စာ​စောင့်​၍​ငါ​၏​ပ​ညတ် တို့​ကို​စောင့်​ထိန်း​ကာ ငါ​နှစ်​သက်​သည့်​အ​မှု များ​ကို​သာ​ပြု​သော​ငါ​၏​အစေ​ခံ​ဒါ​ဝိဒ်​နှင့် မ​တူ။-

၃ ရာ 14