14. သို့ဖြစ်၍ထာဝရဘုရားသည် ဧဒုံမင်းမျိုးနွယ် တစ်ဦးဖြစ်သူဟာဒဒ်အား ရှောလမုန်ကိုပုန်ကန် စေတော်မူ၏။-
15-16. ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။-
17. ဟာဒဒ်နှင့်သူ့ဖခင်၏အစေခံအချို့သာလျှင် လွတ်မြောက်၍ အီဂျစ်ပြည်သို့ထွက်ပြေးကြ၏။ (ထိုစဉ်အခါကဟာဒဒ်သည်ကလေးသူငယ် မျှသာရှိသေး၏။-)
18. သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
19. ဟာဒဒ်သည်မင်းကြီးနှင့်ချစ်ကျွမ်းဝင်၍လာ ရကား မင်းကြီးကသူ့အားမိဖုရားတာပနက် ၏ညီမ၊ မိမိ၏ခယ်မတော်နှင့်စုံဖက်ပေးတော် မူ၏။-