၃ ရာ 11:1-15-16 Common Language Bible (BCL)

1. ရှော​လ​မုန်​ချစ်​ခင်​မြတ်​နိုး​သည့် လူ​မျိုး​ခြား အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​၏။ သူ​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ကို​သာ​မ​က​ဘဲ ဟိတ္တိ​အ​မျိုး​သ​မီး​များ၊ မော​ဘ​အ​မျိုး​သ​မီး များ၊ အမ္မုန်​အ​မျိုး​သ​မီး​များ၊ ဧ​ဒုံ​အ​မျိုး သ​မီး​များ​နှင့်​ဇိ​ဒုန်​အ​မျိုး​သ​မီး​များ​ကို လည်း​မိ​ဖု​ရား​မြှောက်​တော်​မူ​လေ​သည်။-

11. ``သင်​သည်​ငါ​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို ချိုး​ဖောက်​လျက် ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် သည်​ဖြစ်​၍ ငါ​သည်​နိုင်​ငံ​တော်​ကို​သင့်​လက်​မှ မု​ချ​ရုပ်​သိမ်း​ပြီး​လျှင် သင်​၏​မှူး​မတ်​တစ်​ဦး အား​ပေး​အပ်​မည်။-

12. သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-

13. သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။

14. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​မင်း​မျိုး​နွယ် တစ်​ဦး​ဖြစ်​သူ​ဟာ​ဒဒ်​အား ရှော​လ​မုန်​ကို​ပုန်​ကန် စေ​တော်​မူ​၏။-

15-16. ဤ​အ​ရေး​အ​ခင်း​မ​ပေါ်​ပေါက်​မီ​ကာ​လ​အ​တော် ကြာ​က ဧ​ဒုံ​ပြည်​ကို​ဒါ​ဝိဒ်​နှိမ်​နင်း​အောင်​မြင်​ပြီး နောက် တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​တို့​ကို​သင်္ဂြိုဟ်​ရန်​ထို​ပြည်​သို့​သွား​၍ မိ​မိ​၏​တပ်​သား​များ​နှင့်​အ​တူ​ခြောက်​လ​မျှ နေ​ထိုင်​ကာ​ဧ​ဒုံ​ပြည်​သား​ယောကျာ်း​မှန်​သ​မျှ ကို​သတ်​လေ​သည်။-

၃ ရာ 11