27. သူ၏လက်ထက်တော်၌ယေရုရှလင်မြို့တွင်ငွေ သည်ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုး သားသည်ယုဒပြည်တောင်ခြေ၌အလေ့ကျ ပေါက်သောပိုးစာပင်ကဲ့သို့လည်းကောင်းပေါ များလေသည်။-
28. မူသရိပြည်နှင့်ကိလိကိပြည် မှမြင်းများ၊-
29. အီဂျစ်ပြည်မှရထားများတင်သွင်းမှုကိုမင်း ကြီး၏အဝယ်တော်များကချုပ်ကိုင်ထားကြ၏။ သူတို့သည်ဟိတ္တိနှင့်ရှုရိဘုရင်တို့အားမြင်း တစ်ကောင်လျှင် ငွေသားခြောက်ရာနှုန်းဖြင့်လည်း ကောင်း၊ ရထားတစ်စီးလျှင်ငွေသားတစ်ရာ့ငါး ဆယ်နှုန်းဖြင့်လည်းကောင်းရောင်းချကြလေ သည်။