၃ ရာ 1:5-6-14 Common Language Bible (BCL)

7. သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-

8. သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။

9. တစ်​နေ့​သော​အ​ခါ​အ​ဒေါ​နိ​ယ​သည် အင်္ရော ဂေ​လ​စမ်း​ချောင်း​အ​နီး၊ မြွေ​ကျောက်​ဆောင် တွင်​သိုး​နွား​နှင့်​ဆူ​ဖြိုး​သော​ကျွဲ​ငယ်​များ ကို​ယဇ်​ပူ​ဇော်​ကာ ဒါ​ဝိဒ်​မင်း​၏​အ​ခြား သား​တော်​များ​နှင့်​ယု​ဒ​မှူး​မတ်​များ​အား ထို​ပူ​ဇော်​ပွဲ​သို့​ခေါ်​ဖိတ်​လေ​သည်။-

၃ ရာ 1