၃ ရာ 1:28-32 Common Language Bible (BCL)

28. ဒါ​ဝိဒ်​မင်း​က``ဗာ​သ​ရှေ​ဘ​အား အ​ခန်း​ထဲ​သို့ ပြန်​၍​ဝင်​စေ​လော့'' ဟု​ဆို​လျှင် ဗာ​သ​ရှေ​ဘ သည်​ဝင်​လာ​၍​ရှေ့​တော်​တွင်​ရပ်​လျက်​နေ​၏။-

29. ထို​အ​ခါ​မင်း​ကြီး​က``ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း မှ​ငါ့​အား​ကယ်​ဆယ်​တော်​မူ​၍ အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကာ​သင့်​အား​ငါ​ကျိန်​ဆို​ပါ​၏။-

30. ငါ​သည်​သင်​၏​သား​ရှော​လ​မုန်​အား​ငါ့ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ​မည် ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို​တိုင် တည်​၍ ကျိန်​ဆို​ခဲ့​သည်​အ​တိုင်း​ငါ​ပြု​မည် ဖြစ်​ကြောင်း​ယ​နေ့​ငါ​က​တိ​ပေး​၏'' ဟု မိန့်​တော်​မူ​၏။

31. ဗာ​သ​ရှေ​ဘ​သည်​ဦး​ညွတ်​ပျပ်​ဝပ်​လျက်``ကျွန်​မ ၏​သ​ခင် အ​ရှင်​မင်း​ကြီး​သည်​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​မြွက်​ဆို​လေ​၏။

32. ထို့​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဇာ​ဒုတ်၊ နာ​သန်​နှင့် ဗေ​နာ​ယ​တို့​ကို​ခေါ်​စေ​တော်​မူ​၏။ သူ​တို့ ရောက်​ရှိ​လာ​သော​အ​ခါ၊-

၃ ရာ 1