၂ သက် 3:6-8 Common Language Bible (BCL)

6. ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။-

7. သင်​တို့​သည်​ငါ​တို့​အ​လုပ်​လုပ်​ခဲ့​သည့်​စံ န​မူ​နာ​ကို​လိုက်​၍​ပြု​ကျင့်​သင့်​သည်​ကို သင် တို့​ကိုယ်​တိုင်​ကောင်း​စွာ​သိ​ရှိ​ကြ​ပေ​သည်။ သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ​မ​နေ​ခဲ့​ကြ။-

8. ငါ​တို့​စား​စ​ရိတ်​မှန်​သ​မျှ​ကို​ငါ​တို့​ကျ​ခံ ခဲ့​ကြ​၏။ သင်​တို့​တစ်​ဦး​တစ်​ယောက်​အား​မျှ ငါ​တို့​အ​တွက်​တာ​ဝန်​မ​ရှိ​ရ​စေ​ရန် ငါ​တို့ သည်​အ​လုပ်​ကို​ပင်​ပန်း​စွာ​နေ့​ရော​ညဥ့်​ပါ လုပ်​ကိုင်​ခဲ့​ကြ​၏။-

၂ သက် 3