၂ သက် 2:6-10 Common Language Bible (BCL)

6. ယ​ခု​အ​ခါ​ထို​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ် ပျက်​သေး​သည်​မှာ​ဟန့်​တား​သည့်​အ​ရာ​ရှိ သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သူ​ယုတ်​မာ​ကြီး​သည် အ​ချိန်​ကျ​သော​အ​ခါ​ပေါ်​ထွန်း​လာ​လိမ့် မည်။-

7. လျှို့​ဝှက်​လျက်​ရှိ​သည့်​ယုတ်​မာ​မှု​ကြီး​သည် ယ​ခု​အ​ခါ​၌​ပင်​လျှင်​လှုပ်​ရှား​လျက်​ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ဟန့်​တား​သူ​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ​ဖြစ်​ပျက်​မည့်​အ​ကြောင်း​အ​ရာ​တို့​သည် ဖြစ်​ပျက်​လာ​လိမ့်​မည်။-

8. ထို​အ​ခါ​သူ​ယုတ်​မာ​ကြီး​သည်​ပေါ်​လွင်​ထင် ရှား​လာ​ပေ​အံ့။ သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ကြွ လာ​တော်​မူ​သော​အ​ခါ​သူ​ယုတ်​မာ​ကြီး​အား မိ​မိ​၏​ထွက်​သက်​လေ​ဖြင့်​ကွပ်​မျက်​၍​ဘုန်း ရောင်​ခြည်​တော်​ဖြင့်​ပယ်​ရှား​တော်​မူ​လိမ့်​မည်။-

9. သူ​ယုတ်​မာ​ကြီး​သည်​စာ​တန်​၏​တန်​ခိုး​ကို​ခံ​ယူ ၍​ရောက်​ရှိ​လာ​သော​အ​ခါ အံ့​သြ​ဖွယ်​ရာ​ထူး​ဆန်း သော​နိ​မိတ်​လက္ခ​ဏာ​အ​တု​အ​ယောင်​အ​မျိုး​မျိုး ကို​ပြ​လိမ့်​မည်။-

10. ထို​နောက်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​မည့်​သူ​တို့ အား​ယုတ်​မာ​သည့်​နည်း​အ​မျိုး​မျိုး​ဖြင့်​လှည့်​စား လိမ့်​မည်။ ထို​သူ​တို့​သည်​ကယ်​တင်​ခြင်း​ရ​နိုင်​ရန် သမ္မာ​တ​ရား​တော်​ကို​နှစ်​သက်​လက်​ခံ​မှု​မ​ရှိ ကြ​သော​ကြောင့်​ယင်း​သို့​သေ​ကြေ​ပျက်​စီး​ရ ပေ​တော့​အံ့။-

၂ သက် 2