1. ရှောလမုန်သည်ဗိမာန်တော်နှင့် မိမိ၏နန်း တော်ကိုအနှစ်နှစ်ဆယ်တိုင်တိုင်တည်ဆောက် ရလေသည်။-
2. သူသည်မိမိအားဟိရံမင်းပြန်၍ပေးအပ် သည့်မြို့များကိုလည်းပြန်လည်တည်ထောင် ကာ ထိုမြို့တို့တွင်အခြေစိုက်နေထိုင်ရန် ဣသရေလအမျိုးသားတို့ကိုပို့တော်မူ၏။-
3. ဟာမတ်နှင့်ဇောဘနယ်များကိုလည်းတိုက် ခိုက်သိမ်းယူပြီးလျှင်၊-
4. သဲကန္တာရတွင်ရှိသောတာဒမော်မြို့ကိုတံ တိုင်းကာတော်မူ၏။ ဟာမတ်နယ်ရှိရိက္ခာသို လှောင်ရာမြို့အပေါင်းကိုလည်းပြန်လည် တည်ထောင်တော်မူ၏။-